Unknown crocodile
0 Subscriptions 0 Followers
If you think you need it, please subscribe to my youtube channel.
Fb acc, Fb gp, Fb page can be lost in time ...
Only friends who think they really need it.
I don't think the youtube channel will fall easily.
Thank you.
https://youtube.com/channel/UCmCroBrCrfoLL5Z-i3QBNJA
တမန်တော် တင်ကြို သတိပေးခဲ့သော အိုင်အက်စ် တို့အကြောင်း (1)
<><><><><><><><><>
Crd----
2017 က ဆရာ Saunglwin Aung ရဲ့ပိုစ့်လေး ပြန်တင်လိုက်တယ် အခုအချိန် ဖြစ်ပျက်မှုအပေါ်-----
အိုရီယန် Orion ကြယ်စု (အာရိယာန်မျိုးနွယ်)က အိုဆီရစ်စ်(Osiris)နဲ့ အိုင်းဇစ်(ISIS)နတ်ဘုရားမတို့ ကမ္ဘာမြေမှာ ပေါင်းဖက်ကြရာက သားအဖြစ်Horusကို မွေးဖွားခဲ့တယ်လို့ မူစာနဗီလက်ထပ်က ဖိရ်အောင် ဘုရင်တွေနဲ့ အီဂျစ်လူမျိုးတွေက ယုံကြည်ကြတယ်။ မျက်လုံးပုံအမှတ်အသား The Eye of RAဆိုတဲ့ သင်္ကေတကို Horusရဲ့ အမှတ်တံဆိပ်အဖြစ် အီဂျစ်လူမျိုးတို့က သတ်မှတ်ခဲ့တယ်။ အဲဒီသင်္ကေတဟာ အမေရိကန်ကိုလည်း ကိုယ်စားပြုပါတယ်။ အမေရိကန်ဒေါ်လာမှာ ပိရမစ်မှာ မျက်လုံးတစ်လုံးနဲ့ပုံကို အသုံးပြုထားပါတယ်။ ISIS ဆိုတာ အီဂျစ်နတ်ဘုရားမ-ရဲ့ အမည်ပါ။ တိုယိုတာကုမ္ပဏီက တိုယိုတာISISကားကို ထုတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ISISဆိုတာ ဆက်ဒန်ဟူစိန်လက်ထပ်မှာ ဆက်ဒန်အစိုးရ ပြုတ်ကျဖို့ အီရတ်မှာ ဝင်ရောက်ခြေရှုတ်ခဲ့တဲ့ CIA ရဲ့ ထောက်လှမ်းရေးအဖွဲ့တစ်ခုရဲ့ အမည်လည်း ဖြစ်ပါတယ်။ ဒီအမည်မျိုးကို ဘယ်မွတ်စလင် အဖွဲ့အစည်းကမျှ အသုံးပြုလိမ့်မှာ မဟုတ်ကြောင်း သာမာန်လောက် စဉ်းစားတတ်တဲ့ မွတ်စလင်တိုင်း သဘောပေါက်ပါတယ်။ ISIS ဆိုတာ အစ္စလာမ်မလိုလားသူအချို့က မွတ်စလင်ကို ဖြိုခွဲဖို့ ဖန်တီးခဲ့တဲ့ ဒဂ်ျဂျလ်ရှေ့ပြေး အဖွဲ့တစ်ခုသာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း နွေဦးတော်လှန်ရေး (ဖစ်သနာ) နဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ အိုင်ဇစ်(ဒါအိရှ်)တို့အကြောင်း လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်ကတည်းက မှတ်တမ်းတင်ထားခဲ့ ဟဒီးစ်ကျမ်းကြီးတွေမှာ ပါရှိတယ်လို့ ပြောရင် မိတ်ဆွေ ယုံနိုင်ပါ့မလား။
■အဘူအဗ်ဒုလ္လာဟ် နိုအိုင်းမ် ဘင် ဟမ်မါးဒ် အလ်မရ်ဝဇီ (228 AH / 843 AD ကွယ်လွန်) ဆိုတဲ့ ဟဒီးစ်ပညာရှင်ကြီးရဲ့ ကေသားဘွလ် ဖေ့သန် အမည်ရှိကျမ်းမှာ တမန်တော်မြတ်ရဲ့ ဩဝါဒဟဒီးစ်များ ဆွဟာကြီးများ သာဘေအီကြီးများရဲ့ မိန့်ကြားချက် (အဆာရ်များ)ကို စုစည်းဖော်ပြထားခဲ့ပါတယ်။
အဲဒီဟဒီးစ်ကျမ်းရှင်ကြီးဟာ အိမာမ်ရှာဖွေအီနဲ့ ခေတ်ပြိုင် ဖြစ်ပြီး အိမာမ် ဘိုခါရီ နှင့် အိမာမ် တွဟာဝီ တို့၏ ဆရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ كِتَابُ الفِتَنِ အမည်ရှိတဲ့ ကေယာမတ်ရဲ့ နမိတ်လက္ခဏာများကျမ်းဟာ ဗုခါရီ၊ မွတ်စလင်ကျမ်းတို့ထက်ပင် စောပါတယ်။ အဲဒီကျမ်းမှာ ဖော်ပြထားတဲ့ အမည်းရောင်အလံနဲ့ ပါတ်သက်တဲ့ အဆိုအမိန့်များဟာ ယနေ့လက်ရှိ ကျနော်တို့ ဆွေ့ကြုံနေရတာတွေနဲ့ အံဩစရာကောင်းလောက်အောင် တိုက်ဆိုင်နေပါတယ်။
عَنْ عَلِيِّ بْنِ أَبِي طَالِبٍ رَضِيَ اللَّهُ عَنْهُ قَالَ : " إِذَا رَأَيْتُمُ الرَّايَاتِ السُّودَ فَالْزَمُوا الْأَرْضَ فَلَا تُحَرِّكُوا أَيْدِيَكُمْ ، وَلَا أَرْجُلَكُمْ ، ثُمَّ يَظْهَرُ قَوْمٌ ضُعَفَاءُ لَا يُؤْبَهُ لَهُمْ ، قُلُوبُهُمْ كَزُبَرِ الْحَدِيدِ ، هُمْ أَصْحَابُ الدَّوْلَةِ ، لَا يَفُونَ بِعَهْدٍ وَلَا مِيثَاقٍ ، يَدْعُونَ إِلَى الْحَقِّ وَلَيْسُوا مِنْ أَهْلِهِ ، أَسْمَاؤُهُمُ الْكُنَى ، وَنِسْبَتُهُمُ الْقُرَى ، وَشُعُورُهُمْ مُرْخَاةٌ كَشُعُورِ النِّسَاءِ ، حَتَّى يَخْتَلِفُوا فِيمَا بَيْنَهُمْ ، ثُمَّ يُؤْتِي اللَّهُ الْحَقَّ مَنْ يَشَاءُ " .
[* نعيم بن حماد رحمه الله / كِتَابُ الفِتَنِ/ رقم الحديث573
*المتقي الهندي/ كنز العمال / ج 9 / ص 476/ رقم الحديث 31530]
အလီ ဘင် အဘီတွာလစ်ဘ်သခင် မိန့်၏။
အမဲရောင် အလံများကို အသင်တို့့မြင်တွေ့ရလျှင် မိမိတို့ ဒေသကို မိမိတို့ အမိအရ ဆုတ်ကိုင် (ထိမ်းချုပ်)ထားကြလော့။ ခြေလည်း မလှုပ်နှင့်၊ လက်လည်း မလှုပ်နှင့်။ (ဆိုလိုသည်မှာ သူတို့ထံ သွားရောက်ပါဝင်ခြင်း မပြုနှင့်၊ သူတို့အား ထောက်ပံ့ပေးကမ်းခြင်းလည်း မပြုနှင့်၊ ကိုယ့်အရပ်၌သာ နေကြလော့) (၄င်းတို့တွင်)
ဆက်နွယ် သက်ဆိုင်ခြင်း မရှိသော ချို့တဲ့ အားနည်းသူတို့ (ပူးပေါင်း) ပေါ်ထွက်လာကြလိမ့်မည်။ သူတို့၏ နှလုံးသားသည် သံတိုသံစများပမာ (မာကြောလှ၏။) သူတို့သည် "ဒေါင်လာ" အုပ်စုဝင်များ ဖြစ်ကြ၏။ သူတို့သည် အမှန်တရားဘက်သို့ ဖိတ်ခေါ်ပြနေသော်လည်း သူတို့သည် အမှန်တရား ဘက်တော်သားများ မဟုတ်ကြပေ။ သူတို့သည် မည်သည့် ကတိကိုမျှ၊ မည်သည့် ပဋိညာဉ်ကိုမျှ စောင့်ထိန်းကြသူများလည်း မဟုတ်ကြပေ။ သူတို့၏ အမည်သည် ကွန်နယာ (အဘူ ပါသောအမည်)များ ဖြစ်ကြကာ မြို့ရွာအမည်များကို နောက်တွင် (နစဘ်) ထည့်ထားကြလိမ့်မည်။ သူတို့သည် အမျိုးသမီးများကဲ့သို့ ဆံပင်အရှည်များ ထားရှိကြအံ့။ သူတို့အချင်းချင်း တိုက်ခိုက်ပျက်စီးကြသည်အထိ (၄င်းတို့ တည်ရှိနေကြအံ့။) ထို့နောက်တွင် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိသူကို အမှန်တရားဘက်သို့ ပို့ဆောင်ပေးတော်မူလတ္တံ့။
(နိုအိုင်းမ် ဘင် ဟမ္မားဒ်- ကေသားဘုလ် ဖေ့သန်-ဟဒီးစ်အမှတ် 573;
ကန်ဇုလ် အွမ်မာလ်- ဟဒီးစ်အမှတ်
31530)
ဟဒီးစ်ပါ အချက်အလက်များကို တချက်ချင်း စမ်းစစ်ကြည့်ကြပါစို့။
1* အမဲရောင် အလံ=
ISIS တွေဟာ အမဲရောင် အလံကို အသုံးပြု ကြတယ်။
2* ချို့တဲ့သူများ=
သူတို့ဟာ ဆွေမျိုးသားချင်းမရှိပဲ ဆီးရီးယားနယ်မြေကို တနယ်တကျေးမှ ရောက်ရှိလာကြသူများ ဖြစ်ကြတယ်။ အများစုမှာ ဒုက္ခသည်တွေ ဖြစ်ကြပါတယ်၊ ဖိလစ်ပိုင်မှ အဘူစယဖ်ရဲ့ အုပ်စုတွေ၊ ကတ်ရ်ှမီးယားမှ ဒုက္ခသည်တွေ အနယ်နယ်အရပ်ရပ်မှ စစ်သွေးကြွတွေ စုစည်းထားတဲ့ အဖွဲ့ပါ။
3* သံတုံးသံခဲပမာ နှလုံးသား မာကြောသူများ=
ကမ္ဘာ့ မီဒီယာများမှ ဗွီဒီယို မှတ်တမ်းများ၊ ဓာတ်ပုံများ ကြည့်ခြင်းဖြင့် ယင်းအုပ်စုဟာ အဘယ်မျှ ရက်စက် ကြမ်းကြုတ်တယ်ဆိုတာ သိမြင်နိုင်တယ်။
(မှတ်ချက်- زُبَرِ الْحَدِيدِ ဆိုသော ဝေါဟာရမှာ ကုရ်အာန် 18: 96 မှာ ပါရှိပြီး ယာဂျုဒ် နဲ့ မာဂျူဒ်ကို ကာရံတဲ့ တံတိုင်းရဲ့ သံပြား နဲ့ နှိုင်းယှဉ်ပြခြင်း လို့လည်း နားလည်နိုင်ပါတယ်။)
4* အဆ်ွဟားဗုလ် ဒေါင်လဟ်=
ဒေါင်လဟ် ဆိုတာက State 'တိုင်းပြည်' ကို ခေါ်တာပါ။ သူတို့ဟာ ဒေါင်လသုလ် အစ္စလာမီယာ Islamic State အဖွဲ့ (الدولة الإسلامية في العراق والشام)လို့ သူ့တို့ကိုယ်ကို သူတို့ ခေါ်ကြတယ်။ အာရဗ်နယ်မြေမှာ အစ္စလာမ့် တိုင်းပြည်စစ်စစ်ကို မိမိတို့သာ ဖော်ဆောင်နိုင်တယ်လို့ ဝါဒဖြန့်ကြတယ်။
5* ကတိမတည်သူ၊ ပဋိညာဉ်ကို ချိုးဖောက်ကြသူများ=
သူတို့တတွေဟာ ဘယ်လို စည်းကမ်း ကာလနားကိုမျှ လက်မခံပဲ မိမိတို့ထင်ရာ မြင်ရာကို လုပ်ချင်ရာ လုပ်ကြတယ်။ ဥပဒေမှန်သမျှကို မလိုက်နာကြဘူး၊ သူ့တို့အယူအဆက ကုရ်အာန် 6:57, 12:40, 12:67 , 16: 67, 28:70, 28: 70, 28:88, 40:12 အရ لا حُكْمَ إِلاَّ للهِ ဥပဒေပြဌာန်းခွင့်ဟာ အလ္လာဟ့်ထံမှာပဲရှိတယ်။ အလ္လာဟ်သည်သာ مَلِكِ النَّاسِ (ကုရ်အာန် 104:2) အရ လူသားအားလုံးရဲ့ ဘုရင်လို့ ပြောကြတယ်။ ဒါကြောင့် ဘယ်တိုင်းပြည်ရဲ့ ဘုရင်ကိုမျှ သူတို့ အသိအမှတ်မပြုဘူး၊ ဘယ်ဥပဒေကိုမျှ လေးစားလိုက်နာစရာ မလိုဘူးလို့ တစောက်ကန်းအမြင်နဲ့ ဟောကြ စည်းရုံးကြတယ်။
6* အမှန်တရားဘက်ကို ဒအ်ဝသ်ပေးကြတယ်။ သူတို့ကိုယ်တိုင်ကတော့ လမ်းမှားပေါ်မှာ လျှောက်နေကြတယ်။ သူတို့ဟာ ခါရေဂျီယာ (ခွဲထွက်ရေးဝါဒီ Separatists)တွေပါ။ ပြောလိုက်ရင် အကောင်းတွေချည်း၊ လုပ်လိုက်ရင် အလွဲတွေချည်းပါ။
7* ကွန်နယာအမည်=
ကွန်ယာဆိုတာက အဘူနဲ့စတဲ့ အမည်တွေပါ။
အခုလက်ရှိ သူတို့အမည်တွေကို လေ့လာကြည့်ရင် ခေါင်းဆောင်က အဘူဘကရ် ဘဂ္ဂဒါဒီ Abu Bakr al-Baghdadi ဒုတိယ ခေါင်းဆောင်က အီရတ်မှာ Abu Fatima al-Jaheishi အဘူဖွာတွေမာ ဂျဟိုင်ရှီ၊ ဒုတိယ ခေါင်းဆောင်က လစ်ဗျားမှာ
Abdel Baqer Al-Najdi အဘ်ဒူ ဘာကရ် နဂျဒီ၊ ဒုတိယ ခေါင်းဆောင်က ဆီးရီးယားမှာ Abu Ali al-Anbari အဘူအလီ အလ်အန်ဘာရီ၊
ဆီးရီးယားတိုက်ခိုက်ရေးမှူးက Abu Omar al-Shishani အဘူအုမရ် ရှီရှာနီ။
သူတို့ရဲ့ ကာကွယ်ရေး ဦးစီးချုပ်က Abu Saleh al-Obaidi[ အဘူဆွာလေ့ အိုဘိုင်ဒီ၊ သူတို့ရဲ့ ရှူရာကောင်စီ ခေါင်းဆောင်က Abu Arkan al-Ameri အဘူ အာရ်ကာန် အလ်အမေရီ၊ သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အကြီးဆုံးအမည်က Abu Mohammad al-Adnani အဘူမုဟမ္မဒ် အလ်အဒ်နာနီ၊ လက်ထောက် ပြောရေးဆိုခွင့် ရှိသူက Abul-Hasan အဘွလ် ဟစန်။
၄င်းတို့ရဲ့ အမည်အားလုံးဟာ ကွန်နယာ အမည်တွေ ဖြစ်နေတာကလည်း အလီသခင်ရဲ့ မိန့်ကြာချက်နဲ့ ကွက်တိပါပဲ။
8* နစဘ် အမည်=
သူတို့ရဲ့ အမည်များရဲ့ နောက်မှာ မြို့ရွာအမည်များကို (နစ္စဘတ်) ထားရှိကြတာကိုလည်း တွေ့နိုင်ပါတယ်။
9* ဆံရှည်ခြင်း=
သူတို့ဟာ ဆံပင်ရှည်ရှည် ထားရှိလေ့ရှိကြတာကိုလည်း သူတို့ပုံများကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
■အိုင်ဇစ်တို့၏ နိဒါန်း နှင့် နိဂုံး
~~~~~~~~~~~~~~
အဲဒီကျမ်းမှာပဲ အဘူဟိုရိုင်ရာသခင်ရဲ့ မိန့်ကြားချက်တစ်ခုကိုလည်း အခုလို ဖော်ပြထားပါတယ်။
إِذَا خَرَجَتِ الرَّايَاتُ السُّودُ فَإِنَّ أَوَّلَهَا فِتْنَةٌ ، وَأَوْسَطَهَا ضَلالَةٌ ، وَآخِرَهَا كُفْرٌ
[نعيم بن حماد / كتاب الفتن / رقم الحديث 551 / ج1 / ص202]
အမည်းရောင် အလံများ ထွက်ပေါ်လာအံ့။ ယင်းအလံ၏ အစသည် ပြသနာ (ဖစ်သနာ) ဖြစ်၍။ ယင်း၏ အလယ်သည် ဒွလာလတ် (လမ်းမှားမှု) ဖြစ်၏။ ယင်း၏ အဆုံးသတ်သည် ကုဖုရ် (အီမာန် မရှိခြင်း) ဖြစ်၏။
(နိုအိုင်းမ် ဘင် ဟမ္မားဒ်- ကေသားဘုလ် ဖေ့သန်-ဟဒီးစ်အမှတ် 551)
အိမာမ်ခတွီးဘ် ဘဂ္ဂဒါဒီ နဲ အိမာမ်ဇဟဘီတို့ကတော့ အဘူဟိုရိုင်ရဟ်သခင်ရဲ့ အထက်ပါ မိန့်ကြားချက်နဲ့ သဘောတရားချင်းတူတဲ့ ဟဒီးစ်ရေဝါယတ်တစ်ခုကို အခုလို ဖော်ပြထားပါတယ်။
قَالَ : سمعت رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ : " إِذَا أَقْبَلَتِ الرَّايَاتُ السُّودُ مِنْ قِبَلِ الْمَشْرِقِ فَإِنَّ أَوَّلَهَا فِتْنَةٌ وَأَوْسَطُهَا هَرْجٌ ، وَآخِرُهَا ضَلالَةٌ " .
[*الخطيب البغدادي /تاريخ بغداد / حرف العين/ رقم الحديث: 933/
*الخطيب البغدادي /تاريخ بغداد / باب حرف الفاء/ ج23/ ص197
*الذهبي/ ميزان الاعتدال/ حرف الدال 2620 - داود بن عبد الله بن أبي الكرام/ ج2/ ص10]
"အမည်းရောင်အလံများ အရှေ့အရပ်မှ ပေါ်လာလျှင် ၄င်းတို့၏ အစပိုင်း ဖိသ်နာ (မတရားညှင်းပမ်းနှိပ်စက်မှု)ဖြစ်၏။ ၄င်းတို့၏ အလယ်ပိုင်းသည် ဟရဂ်ျ (အကြောင်းမဲ့သက်သက် လူသတ်မှုများ) ဖြစ်၏။ ၄င်းတို့၏ အဆုံးသတ်သည် ဒွလာလတ် (လမ်းလွဲမှု) ဖြစ်၏။"
■အမည်းရောင်အလံတို့၏ အန္တရာယ်
~~~~~~~~~~~~~
အိမာမ်နိုအိုင်းမ်ရဲ့ မှတ်သားဖွယ်ရာ နောက်ထပ် ဆင့်ပြန်ချက်များစွာ ရှိပါသေးတယ်။ အမည်းရောင် အလံများရဲ့ အန္တရာယ်ဟာ ကြီးမားလှကြောင်း အခုလို ဖော်ပြထားတာ တွေ့ရပါသေးတယ်။
حَدَّثَنَا ضَمْرَةُ، أَخْبَرَنَا رَجَاءُ بْنُ أَبِي سَلَمَةَ، عَنْ عُقْبَةَ بْنِ أَبِي زَيْنَبَ، أَنَّهُ قَدِمَ بَيْتَ الْمَقْدِسِ يَتَضَمَّنُ، فَقُلْتُ: لَعَلَّكَ إِنَّمَا تَخَافُ الْمَغْرِبَ؟ قَالَ: «لَا، إِنَّ فِتْنَتَهُمْ لَنْ تَعْدُوهُمْ مَا لَمْ تَخْرُجِ الرَّايَاتُ السُّودُ، فَإِذَا خَرَجَتِ الرَّايَاتُ السُّودُ فَخَفْ شَرَّهُمْ»
[نعيم بن حماد المروزي/ الفتن/ فِي خُرُوجِ بَنِي الْعَبَّاسِ/ الرقم 546/ ج1/ ص 201]
"ရဂျားအွတ်ဘ်နုအဘီစလ်မာက ပြောပြသည်။ အွတ်က်ဘာ အိဗ်နု အဘီဇိုင်နဘ်သည် လုံခြုံရေးကိစ္စအတွက် ဗိုင်သုလ်မက္ကဒစ်ကို လာရောက်သောအခါ ကျန်ုပ်က အနောက်ဘက် (အာဖရိကအမြောက်ခြမ်း)က လူတို့၏ အန္တရာယ်ကို မစိုးရိမ်ပါသလောဟု မေးရာ သူက- စိုးရိမ်စရာမရှိပါ။ အမည်းရောင်အလံများ မပေါ်လာသေးသရွေ့ ၄င်းတို့၏ အန္တရာယ်သည် အရည်အတွက် များပြားလိမ့်မည် မဟုတ်ပေ။ အမည်းရောင်အလံများ ပေါ်လာလျှင်မူ ၄င်းတို့၏ ဆိုးကျိုးကို ကြောက်ရွံ့ရပေလိမ့်မည်။"
عَنِ الزُّهْرِيِّ، قَالَ: «تُقْبِلُ الرَّايَاتُ السُّودُ مِنَ الْمَشْرِقِ، يَقُودُهُمْ رِجَالٌ كَالْبُخْتِ الْمَجَلَّلَةِ، أَصْحَابُ شُعُورٍ، أَنْسَابُهُمُ الْقُرَى، وَأَسْمَاؤُهُمُ الْكُنَى، يَفْتَتِحُونَ مَدِينَةَ دِمَشْقَ، تُرْفَعُ عَنْهُمُ الرَّحْمَةُ ثَلَاثَ سَاعَاتٍ»
[نعيم بن حماد المروزي/ الفتن/ فِي خُرُوجِ بَنِي الْعَبَّاسِ/ الرقم 564/ ج1/ ص 206]
"အိမာမ်ဇို့ဟ်ရီ မိန့်၏။ အရှေ့အရပ် (အီရတ်ဒေသနှင့်တကွ ယင်းနှင့်ထိစပ်နေသော ဒေသများ)မှ အမည်းရောင်အလံများ ထွက်ပြူလာလိမ့်မည်။ ၄င်းတို့ကို ဦးဆောင်မည့် သူများမှာ ဦးခေါင်းက ကုလားအုတ်ဘို့ကဲ့သို့ ဖြစ်မည်။ ၄င်းတို့သည် ဆံပင်အရှည်ထားသူများ ဖြစ်အံ့။ ၄င်းတို့အမည်တွင် မြို့ရွာအမည်များ တွဲစပ်တည်ရှိနေမည်။ ၄င်းတို့အမည်သည် ကွန်နယတ်အမည် (အဘူ- ဆိုသော စကားလုံးဖြင့် စသောအမည်)များ ဖြစ်မည်။ ၄င်းတို့သည် ဒမိရ်ှကတ်မြို့ကို အောင်နိုင်သိမ်းပိုက်ကြလိမ့်မည်။ ကာလသုံးပါးတွင် ၄င်းတို့ထံမှ မေတ္တာ ကရုဏာတရားများ မ-ယူထားခြင်း ခံရ၏။"
عَنْ عَلِيِّ بْنِ أَبِي طَلْحَةَ، قَالَ: "يَدْخُلُونَ دِمَشْقَ بِرَايَاتْ سُودٍ عِظَامٍ، فَيَقْتَتِلُونَ فِيهَا مَقْتَلَةً عَظِيمَةً، شِعَارُهُمْ: بُكُش بُكُش "
[نعيم بن حماد المروزي/ الفتن/ فِي خُرُوجِ بَنِي الْعَبَّاسِ/ الرقم 565/ ج1/ ص 207]
"အလီ အိဗ်နု အဘီ တွလ်ဟာ မိန့်၏။ ၄င်းတို့သည် အလွန်ကြီးမားသော အမည်းရောင်အလံကို ကိုင်ဆောင်၍ ဒမရ်ှကတ်မြို့အတွင်းသို့ ဝင်ရောက်လာကြမည်။ ၄င်းတို့သည် အစုလိုက်အပြုံလိုက် လူသတ်လိမ့်မည်။ ၄င်းတို့၏ ကြွေးကြော်သံမှာ တိုက်ကြ၊ သတ်ကြ ဟူ၍ ဖြစ်ပေမည်။"
يَنْصِبُ عَلَامَاتٍ سُودًا، أَوَّلُهَا نَصْرٌ، وَآخِرُهَا كُفْرٌ، يَتْبَعُهُ خُشَارَةُ الْعَرَبِ، وَسَفِلَةُ الْمَوَالِي، وَالْعَبِيدُ الْأُبَّاقُ، وَمُرَّاقُ الْآفَاقِ، سِيمَاهُمُ السَّوَادُ، وَدِينُهُمُ الشِّرْكُ
[نعيم بن حماد المروزي/ الفتن/ فِي خُرُوجِ بَنِي الْعَبَّاسِ/ الرقم 580/ ج1/ ص 212]
"(၄င်းတို့၏) အမှတ်လက္ခဏာမှာ အမည်းရောင်နှင့် ဆက်နွယ်ပတ်သက်၏။ ယင်းဖိသ်နာ၏ အစသည် အောင်နိုင်ခြင်း ဖြစ်ပြီး အဆုံးသည် ကုဖုရ် (သွေဖီငြင်းပယ်ခြင်း) ဖြစ်၏။ အရဗ်ဒုက္ခသည်များ၊ နိမ့်ကျသော သူကောင်းအပြုခံများ၊ အမြဲတမ်းအတွက် ကျွန်သဘောက် ဖြစ်နေသူများ၊ ဝိသမလောကသားများသည် ၄င်းတို့၏ နောက်သို့ လိုက်ကြပေမည်။ သူတို့၏ အမှတ်တံဆိပ်သည် အမည်းရောင် ဖြစ်မည်။ သူတို့၏ ဘာသာတရားသည် ရှရစ်က် ဖြစ်၏။"
عَنْ كَعْبٍ، قَالَ: «إِذَا الْتَقَتِ الرَّايَاتُ السُّودُ وَالرَّايَاتُ الصُّفْرُ فِي سُرَّةِ الشَّامِ فَبَطْنُ الْأَرْضِ خَيْرٌ مِنْ ظَهْرِهَا»
[نعيم بن حماد المروزي/ الفتن/ فِي خُرُوجِ بَنِي الْعَبَّاسِ/ الرقم 792/ ج1/ ص 274]
ကအဗ်သခင်က မိန့်၏။ အမည်းရောင်အလံများနှင့် အဝါရောင်အလံများသည် ဆီးရီးယား၏ ဗဟိုချက်မနေရာတွင် ဆုံတွေ့ကြသည့်အခါတွင် (လူတို့အဖို့) မြေ၏အတွင်းပိုင်းသည် မြေ၏အပြင်ပိုင်းထက် ကောင်း၏။ (ရှင်နေရခြင်းထက် သေရခြင်းက ကောင်း၏။ သို့တည်းမဟုတ်- မြေပေါ်နေခြင်းထက် မြေအောက်တွင် ကျွင်းတူး ပုန်းခိုနေထိုင်ခြင်းက ပိုကောင်း၏။)
■အိုင်အက်စ်တို့ကို ဖြိုခွင်းမည့်သူ
~~~~~~~~~~~~~
ယနေ့ ကျနော်တို့ ကြုံတွေ့နေရတဲ့ အိုင်အက်စ်တွေဟာ ရုပ်ဆိုးဆိုး လူတစ်ယောက်ကြောင့် ပျက်စီးကြရမယ်။ အဲဒီလူရုပ်ဆိုးကလည်း လူကောင်းတော့ မဟုတ်ဘူး။ မလ်အူန် တစ်ယောက်ပဲလို့ ဖော်ပြထားပါသေးတယ်။ (ထရန့် ပဲ ဖြစ်နေလေမလား မပြောတတ်ပါ။)
عَنْ أَرْطَاةَ قَالَ: «إِذَا اصْطَكَّتِ الرَّايَاتُ الصُّفْرُ وَالسُّودُ فِي سُرَّةِ الشَّامِ فَالْوَيْلُ لِسَاكِنِهَا مِنَ الْجَيْشِ الْمَهْزُومِ، ثُمَّ الْوَيْلُ لَهَا مِنَ الْجَيْشِ الْهَازِمِ، وَيْلٌ لَهُمْ مِنَ الْمُشَوَّهِ الْمَلْعُونِ»
[نعيم بن حماد المروزي/ الفتن/ فِي خُرُوجِ بَنِي الْعَبَّاسِ/ الرقم 795/ ج1/ ص 275]
"အရ်တွာအ်က မိန့်၏။ အမည်းရောင်အလံနှင့် အဝါရောင်အလံတို့သည် ရှာမ်(ဆီးရီးယားနှင့်အီရတ်ဒေသ)တွင် ထိပ်တိုက် ဆုံတွေ့ကြသည့်အခါ ထိုဒေသတွင် နေထိုင်သူတို့သည် အကြီအကျယ် ထိခိုက်ပျက်စီးကြပေမည်။ စစ်ဆုံးသူတို့ကြောင့် မြို့တွင်နေထိုင်သူများ ပျက်စီးရပြီး အောင်နိုင်သူတို့ကြောင့် မြို့သည်လည်း ပျက်စီးရပေမည်။ ၄င်းတို့သည်လည်း ရုပ်ဆိုးဆိုး မလ်အူန် (လအ်နတ်ကျိန်ဆဲခြင်းခံထိုက်သူ) လူတစ်ယောက်ကြောင့် ပျက်စီးရပေမည်။"
■အရှေ့အရပ်က ဖိသနာ
~~~~~~~~~~~~
ဟဒီးစ်တော်များမှာ ဖိသနာများဟာ အရှေ့အရပ်က ထွက်ပေါ်မယ်လို့ မဟာတမန်တော်မြတ်က မိန့်ကြားပြီး မဒီနာမြို့ရဲ့ အရှေ့အရပ်ဆိုတာက နဂျဒ်ဒေသနဲ့ အီရတ်ဒေသကို ဆိုလိုကြောင်း ပညာရှင်တွေက ရှင်းလင်းထားတာ ရှိပါတယ်။
عَنْ عَبْدِ اﷲِ بْنِ عُمَرَ رضي اﷲ عنهما قَالَ : سَمِعْتُ رَسُوْلَ اﷲِ صلي الله عليه وآله وسلم يَقُوْلُ وَهُوَ عَلَي الْمِنْبَرِ : أَلاَ إِنَّ الْفِتْنَةَ هَاهُنَا يُشِيْرُ إِلَي الْمَشْرِقِ مِنْ حَيْثُ يَطْلُعُ قَرْنُ الشَّيْطَانِ. مُتَّفَقٌ عَلَيْهِ وَهَذَا لَفْظُ الْبُخَارِيِّ.
[*صحيح البخاري / کتاب : المناقب/ باب : نسبة اليمن إلي إسماعيل/ 3 ج/ ص1293/ رقم الحديث : 3320،
*صحيح البخاري / کتاب : بدء الخلق/ باب : صفة إبليس وجنوده/ 3 ج/ ص1195/ رقم الحديث : 3105،
*صحيح مسلم / کتاب : الفتن وأشراط الساعة/ باب : الفتنة من المشرق من حيث يطلع قرنا الشيطان/ 4 ج/ص 2229/ رقم الحديث : 2905،
*موطأ مالک / کتاب : الاستئذان/ باب : ما جاء في المشرق/ 2ج / ص975/ رقم الحديث : 1757،
*مسند أحمد بن حنبل / 2ج / ص73/ رقم الحديث : 5428،
*صحيح ابن حبان / 15ج / ص25/ رقم الحديث : 6649.]
အဗ္ဗဒွလ္လာဟ် အိဗ်နု အုမရ်သခင် မိန့်၏။ မဟာတမန်တော်မြတ်သည် မင်ဘရ်တရားဟောပလ္လင်ပေါ်မှ အရှေ့အရပ်သို့ လက်ညှိုးညွှန်ပြတော်မူပြီး ဤအရပ်မှ ဖိသနာ ထွက်ပေါ်လာမည်၊ (ထို အရှေ့အရပ်မှပင်) ရှိုင်တွာန်၏ ဦးချိုသည် ထွက်ပေါ်လာမည်ဟု မိန့်ကြားတော်မူ၏။
(ဗုခါရီ 3320; မွတ်စလင်2905; မုအတ္တာ1757)
နဂျဒ်ဒေသက ထွက်ပေါ်မဲ့ ဖိသနာနဲ့ ပါတ်သက်ပြီး ဟဒီးစ်မှာ အခုလို ဖော်ပြထားပါတယ်။
عَنِ ابْنِ عُمَرَ رضي اﷲ عنهما قَالَ ذَکَرَ النَّبِيُّ صلي الله عليه وآله وسلم : اَللَّهُمَّ بَارِکْ لَنَا فِي شَامِنَا اَللَّهُمَّ بَارِکْ لَنَا فِي يَمَنِنَا قَالُوْا : يَارَسُوْلَ اﷲِ، وَفِي نَجْدِنَا؟ قَالَ : اَللَّهُمَّ بَارِکْ لَنَا فِي شَامِنَا اَللَّهُمَّ بَارِکْ لَنَا فِي يَمَنِنَا، قَالُوْا : يَارَسُوْلَ اﷲِ، وَفِي نَجْدِنَا فَأَظُنُّهُ قَالَ فِي الثَّالِثَةِ : هُنَاکَ الزَّلَازِلُ وَالْفِتَنُ، وَبِهَا يَطْلُعُ قَرْنُ الشَّيْطَانِ. رَوَاهُ الْبُخَارِيُّ وَالتِّرْمِذِيُّ وَأَحْمْدُ.
وَقَالَ أَبُوْ عِيْسَي : هَذَا حَدِيْثٌ حَسَنٌ صَحِيْحٌ.
[*صحيح البخاري / کتاب : الفتن/ باب : قول النبي صلي الله عليه وآله وسلم : الفتنة من قبل المشرق/ 6ج /ص 2598/ الرقم : 6681،
*صحيح البخاري / کتاب : الاستسقاء/ باب : ما قيل في الزلازل والآيات/ 1ج / ص351/ رقم الحديث : 990،
*سنن الترمذي / کتاب : المناقب عن رسول اﷲ صلي الله عليه وآله وسلم/ باب : في فضل الشام واليمن/ 5ج / ص733/ رقم الحديث : 3953، *مسند أحمد بن حنبل / 2ج / ص118/ رقم الحديث : 5987]
အဗ္ဗဒွလ္လာဟ် အိဗ်နု အုမရ်သခင် ဆင့်ပြန်၏။ မဟာတမန်တော်မြတ်က အိုးအလ္လာဟ်အရှင်မြတ် ရှာမ်တိုင်းပြည်ကို ဘရ်ကတ်ပေးတော်မူပါ။ အိုးအလ္လာဟ်အရှင်မြတ် ယီမင်တိုင်းပြည်ကို ဘရ်ကတ်ပေးတော်မူပါဟု မိန့်ကြားသောအခါ (နဂျဒ်ဒေသသားတို့က) ယာရစူလလ္လာဟ် ကျန်ုပ်တို့၏ နဂျဒ်ဒေသအတွက်လည်း ဆုတောင်းပေးတော်မူပါဟု လျှောက်ထားပန်ကြားကြ၏။ ကိုယ်တော်က (မည်သို့မျှ မတုံ့ပြန်သေးပဲ ဒုတိယအကြိမ်) အိုးအလ္လာဟ်အရှင်မြတ် ရှာမ်တိုင်းပြည်ကို ဘရ်ကတ်ပေးတော်မူပါ။ အိုးအလ္လာဟ်အရှင်မြတ် ယီမင်တိုင်းပြည်ကို ဘရ်ကတ်ပေးတော်မူပါဟု ဆက်လက် မိန့်ကြားတော်မူပြန်၏။ (နဂျဒ်ဒေသသားတို့ကလည်း) ယာ-ရစူလလ္လာဟ် ကျန်ုပ်တို့၏ နဂျဒ်ဒေသအတွက်လည်း ဆုတောင်းပေးတော်မူပါဟု (ဒုတိယအကြိမ်) ပန်ကြားကြပြန်၏။ ကိုယ်တော်သည် (မည်သို့မျှ မတုံ့ပြန်သေးပဲ) တတိယအကြိမ် ဆက်လက်မိန့်ကြားပြန်၏။ ထိုသူတို့ကလည်း တတိယအကြိမ် ပန်ကြားသောအခါ ကိုယ်တော်က ယင်း(နဂျဒ်)ဒေသမှ ကမ္ဘာမြေကိုလှုပ်ခါမှုငလျင်များ ဖြစ်ပေါ်မည်။ ဖစ်သနာများ ထွက်ပေါ်လာမည်။ ထိုဒေသမှပင် ရှိုင်တွာန်၏ဦးချို ထွက်လာမည်ဟု မိန့်ကြားတော်မူ၏။
(ဗုခါရီ6681; သိရ္မိဇီ 3953)
နဂျဒ်ဒေသမှ အဗ္ဗဒွလ်ဝဟ်ဟားဘ် နဂျဒီကြောင့် မွတ်စလင်အစွန်းရောက်များ စစ်သွေးကြွများ ကမ္ဘာမှာ ပေါ်ထွန်းလာခဲ့ပါတယ်။ ကမ္ဘာ့အထင်ကရ မြေအောက်လှုပ်ရှာတဲ့ အုပ်စုတွေဟာ အားလုံးလိုလို ဝဟ်ဟာဘီတွေချည်း နဂျဒီတွေချည်း ဖြစ်နေကြတာလည်း မွတ်စလင်အားလုံး အသိပါ။
■အိုင်အက်စ်တို့ အန္တရာယ် အထွဋ်အထိပ်ရောက်ချိန်
~~~~~~~~~~~~
عَنْ أَبِي هُرَيْرَةَ، قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: «تَخْرُجُ مِنْ خُرَاسَانَ رَايَاتٌ سُودٌ لَا يَرُدُّهَا شَيْءٌ حَتَّى تُنْصَبَ بِإِيلِيَاءَ» (يَعْنِي بَيْتَ الْمَقْدِسِ)
[*سنن الترمذي/ 31 - أَبْوَابُ الْفِتَنِ عَنْ رَسُولِ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ/ بَابٌ/ رقم الحديث 2269/ ج4/ ص531
*نعيم بن حماد المروزي/ الفتن/ فِي خُرُوجِ بَنِي الْعَبَّاسِ/ رقم الحديث 584/ ج1/ ص 213
*مسند أحمد بن حنبل / مُسْنَدُ الْعَشَرَةِ الْمُبَشَّرِينَ بِالْجَنَّةِ ... / بَاقِي مُسْنَد المُكْثِرِينَ مِنَ الصَّحَابَةِ/ رقم الحديث: 8577/ ج14/ ص383
*الطبراني/ المعجم الأوسط / بَابُ الْحَاءِ / مَنِ اسْمُهُ حَبُّوشٌ/ رقم الحديث: 3653/ ج4/ ص31
*البيهقي/ دلائل النبوة / الشمائل ونحوها/ بَابُ مَا جَاءَ فِي الْإِخْبَارِ عَنْ مُلْكِ بَنِي الْعَبَّاسِ بْنِ عَبْدِ الْمُطَّلِبِ رَضِيَ اللهُ عَنْهُ/ ج6/ ص516]
အမည်းရောင်အလံများသည် ခိုရာစန်ဒေသမှ ထွက်ပြူလာပြီး ဂျေရုစလင်မြို့ (ဘိုင်သုလ်မက္ကဒိစ်)တွင် အခြေစိုက်သွားလျှင် ၄င်းတို့အား မည်သည့်အရာကမျှ နောက်ပြန်လှည့်အောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
(သိရ်မိဇီ 2269; မွတ်စနဒ်အဟ်မဒ် 8577)
■မွတ်စလင်တို့ လုပ်ရမည့်အလုပ်
~~~~~~~~~~~~~~
အကယ်လို့ အမေရိကန်နဲ့ အီရန် စစ်ဖြစ်ရင် မွတ်စလင် ဘယ်ဘက်မှာ ရပ်တည်ရမလဲဆိုတဲ့ မေးခွန်းအတွက် ဟဒီးစ်တွေက တင်ကြို အဖြေပေးထားခဲ့တာလည်း ရှိပါတယ်။ အမည်းရောင်အလံတွေ ပေါ်လာချိန်မှာ မွတ်စလင်တို့ဟာ ပါရှန်း (အီရန်)တို့ဘက်က ရပ်တည်ရမဲ့ ကာလ ဖြစ်ပါတယ်။
عن سَلَمَةُ بْنُ الْمَجْنُونِ ، قَالَ : سَمِعْتُ أَبَا هُرَيْرَةَ ، قَالَ : دَخَلَ الْعَبَّاسُ بَيْتًا فِيهِ نَاسٌ مِنْ بَنِي هَاشِمٍ ، فَقَالَ : هَلْ فِيكُمْ غَرِيبٌ ، أَوْ هَلْ عَلَيْكُمْ عَيْنٌ ؟ ، قَالُوا : مَا فِينَا غَرِيبٌ ، وَلا عَيْنٌ ، قَالَ : وَكَانُوا لا يَعُدُّونِي مِنَ الْغُرَبَاءِ ، إِنِّي كُنْتُ مِنْ ضِيفَانِ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ مِنْ أَصْحَابِ الصُّفَّةِ وَكُنْتُ مُتَسَانِدًا فَلَمْ يُفْطَنُ بِي ، قَالَ : " إِذَا أَقْبَلَتِ الرَّايَاتُ السُّودُ فَأَكْرِمُوا الْفُرْسَ ، فَإِنَّ دَوْلَتَنَا مَعَهُمْ "
[أحمد بن حنبل / فضائل الصحابة / فَضَائِلُ أَبِي الْفَضْلِ الْعَبَّاسِ بْنِ عَبْدِ الْمُطَّلِبِ عَمِّ رَسُولِ اللَّهِ صَلَّى / رقم الحديث: 1832/ ج2/ ص947]
မဟာတမန်တော်မြတ်၏ ဘကြီးတော် အဗ္ဗားစ်သခင်မိန့်၏။ အမည်းရောင်အလံ ပေါ်လာလျှင် ပါရှန်းတို့အား ဂုဏ်ပေးကြလော့။ ကျန်ုပ်တို့၏ (ဒေါင်လဟ်) နိုင်ငံသည် ၄င်းတို့နှင့်အတူ ရှိမည်။
(အိမာမ်အဟ်မဒ် အိဗ်နုဟမ်ဗလ်- ဖဒွါအေ့လွတ်ဆွဟာဘာ၊ 1619)
■အမည်းရောင်အလံပေါ်ချိန်သည် အိမာမ်မဟ်ဒီ ပေါ်လာမည့်လက္ခဏာ
~~~~~~~~~~~~~~
အဲဒီအချိန်မှာ အိမာမ်မဟ်ဒီ ပေါ်လာတော့မှာမို့ ရှာဖွေပြီး အိမာမ်မဟ်ဒီရဲ့လက်မှာ ဘိုင်အတ်ယူနိုင်ဖို့ မွတ်စလင်တို့ ကြိုးစားကြရမှာပါ။
عَنْ ثَوْبَانَ رَضِيَ اللَّهُ عَنْهُ، قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «يَقْتَتِلُ عِنْدَ كَنْزِكُمْ ثَلَاثَةٌ كُلُّهُمُ ابْنُ خَلِيفَةَ، ثُمَّ لَا يَصِيرُ إِلَى وَاحِدٍ مِنْهُمْ، ثُمَّ تَطْلُعُ الرَّايَاتُ السُّودُ مِنْ قِبَلِ الْمَشْرِقِ فَيُقَاتِلُونَكُمْ قِتَالًا لَمْ يُقَاتِلْهُ قَوْمٌ - ثُمَّ ذَكَرَ شَيْئًا فَقَالَ - إِذَا رَأَيْتُمُوهُ فَبَايِعُوهُ وَلَوْ حَبْوًا عَلَى الثَّلْجِ، فَإِنَّهُ خَلِيفَةُ اللَّهِ الْمَهْدِيُّ»
(رَوَاهُ أَحْمَدُ وَالْبَيْهَقِيُّ فِي «دَلَائِل النبوَّة»)
[*سنن ابن ماجه/ 36- كِتَابُ الْفِتَنِ/ 34- بَابُ خُرُوجِ الْمَهْدِيِّ/ رقم الحديث 4084/ ج2/ ص1367
*الحاكم/المستدرك على الصحيحين / كِتَابُ الْفِتَنِ وَالْمَلَاحِمِ/ وَأَمَّا حَدِيثُ عِمْرَانَ بْنِ حُصَيْنٍ/ رقم الحديث 8432/ ج4/ ص510
*قال الحاكم : هَذَا حَدِيثٌ صَحِيحٌ عَلَى شَرْطِ الشَّيْخَيْنِ
*مشكاة المصابيح/ كتاب الْفِتَن/ بَاب أَشْرَاط السَّاعَة/ الْفَصْل الثَّالِث/ رقم الحديث 5461/ ج3/ ص 1503]
အသင်တို့၏ စည်းစိမ်ဘဏ္ဍာများကို လူသုံးဦးသည် တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်တိုက်ခိုက်ပြီး လုယက်ကြပေမည်။ ၄င်းတို့သုံးဦးစလုံးသည် ဘုရင်၏ သားသမီးများ ဖြစ်ကြ၏။ ၄င်းတို့အနက် မည်သူ့ကို မည်သူကမျှ အနိုင်မရပဲ ရှိနေမည်။ ထိုအချိန်အခါတွင် အမည်းရောင်အလံများသည် အရှေ့အရပ်မှ ထွက်ပြူလာပေမည်။ ၄င်းတို့သည် ရှေးယခင်လူတို့၌ မဖြစ်စဖူးသော လူသတ်ခြင်းမျိုးဖြင့် အသင်တို့အား သတ်ဖြတ်ကြမည်ဟု ကိုယ်တော်မြတ် မိန့်ကြားတော်မူ၏။ ထို့နောက်တွင် ကိုယ်တော်သည် အကြောင်းအရာအချို့ ဆက်လက် မိန့်ကြားခဲ့သော်လည်း (ကျန်ုပ် မမှတ်မိတော့ပါ။) ထိုသူတို့ကို မြင်ရသည့်အချိန်အခါတွင် အသင်တို့သည် နှင်းခဲများပေါ်တွင် ခြေတရွတ်တိုက်ဖြင့် သွားရသည်ဖြစ်ပါစေ သွားရောက်၍ ထိုသူ(အိမာမ်မဟ်ဒီ)ထံ၌ ဗိုင်အတ်ကတိသစ္စာပြုကြလော့။ ၄င်း အိမာမ်မဟ်ဒီသည် အလ္လာဟ်အရှင်မြတ်၏ ခလီဖွာဖြစ်၏။
Menurut Menteri Pengangkutan Wee Ka Xiong, ini adalah perlanggaran kereta api KLCC pertama dalam sejarah LRT selama 23 tahun sejak diperkenalkan di Malaysia. Siasatan penuh akan dijalankan.
Salah satu kereta bertembung dipenuhi penumpang, yang kedua kosong, dilancarkan dalam mod ujian. Terdapat 232 orang di kereta api pertama ketika kejadian.
“The police tried to arrest them (the protesters - ed.), And I was worried about the children,” she said.
Despite the nicknames of the 45-year-old woman, the military still fired at the protesters who were behind her.
After several shots, a crowd of protesters rushed towards the military, but they did not stop firing. A man was killed in front of her eyes. The woman suffered from tear gas.
“I felt that the world was crumbling ... I am very sorry that this happened when I begged them,” said the nun.
Local authorities confirmed that two men were shot and killed by the military that day. Used in this case, rubber bullets or live cartridges - not known.
Location Yangon
25 Feet Container at bangkok (Thailand) Port
within 3 days send to Myanmar Thilawa Port
Date: 1-2-2021
Recieved Date: 28-2-2021
Middle Date: 2-2-2021
Description in device : Iron/ Nail & Construction Accessories
Logistics Company
MAX Finance & Logistics Co.,Ltd. (Yangon Branch)